မေ ၂၀၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ MMQR စံသတ်မှတ်ခြင်းနှင့် ဒီဂျစ်တယ်ငွေပေးချေမှုပရောဂျက်ကို ကြေညာခြင်း။
(က) ဒီဂျစ်တယ်ငွေပေးချေမှုအတွင်း P2M ငွေလွှဲပြောင်းခြင်းဆိုင်ရာ အခြေခံစည်းကမ်းများကို တည်ဆောက်ခြင်း။
(ခ) လုပ်ငန်းတွင်ပါဝင်သူများအကြား ဒေသတွင်းအခြေခိုင်စေရန်အတွက် CBM Net 2 နှင့် ပေါင်းစည်းခြင်း။
(ဂ) MyanmarPay MMQR EMVCo စံနှုန်းများနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ထုတ်ပြန်ခြင်း။
(ဃ) ကုန်သည်အချက်အလက်များအတွက် MyanmarPay MMQR Repository ကို တည်ဆောက်ခြင်း။
(င) MyanmarPay MMQR (P2M) အတွက် ပထမအဆင့်အတွက် အခကြေးငွေများနှင့် ငွေလွှဲနှုန်းဖွဲ့စည်းပုံ ထုတ်ပြန်ခြင်း။
(f) Define scope of live market Pilot for Phase 1
ရှေ့လုပ်ငန်းစဉ်
P2M Pilot Lunch (Go-Live) 2024
MyanmarPay MMQR သည် ကုန်သည်များနှင့် သုံးစွဲသူများကို QR Code နည်းပညာဖြင့်မြန်ဆန်လုံခြုံပြီး အဆင်ပြေသော ငွေပေးချေမှုအတွေ့အကြုံကို ရရှိစေပါသည်။ ငွေလွှဲလုပ်ငန်းစဉ်များကို အပြည့်အဝလုံခြုံစေရန် ကာကွယ်ထားသောကြောင့် လိမ်လည်မှုအန္တရာယ်ကို လျှော့ချပေးပြီး လုပ်ငန်းများနှင့် သုံးစွဲသူများအတွက် လုံခြုံမှုကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့အပြင် MyanmarPay MMQR ၏ စနစ်များကို ပိုမိုကောင်းမွန်လာစေရန် အကြံပြုချက်များကို စုစည်းပြီး လူတိုင်းအသုံးပြုနိုင်သည့် အဆင့်သို့ တိုးချဲ့သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတိုင်းအတွက် ဒီဂျစ်တယ်
ငွေပေးချေမှုလုပ်ငန်းစဉ်များဖြင့် ပိုမိုချောမွေ့ပြီး လုံခြုံစိတ်ချစေရရန် အထောက်အကူဖြစ်စေပါမည်။
ရှေ့လုပ်ငန်းစဉ်
အစိုးရဝန်ဆောင်မှုများအတွက်ငွေပေးချေမှုများကို ဒီဂျစ်တယ်အသွင်သို့ကူးပြောင်းခြင်း။
MyanmarPay MMQR သည် အစိုးရဌာနများ၊ ငွေကြေးအဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းပြီး အများပြည်သူသုံး ဝန်ဆောင်မှုတိုင်းအတွက် ငွေပေးချေမှုစနစ်များကို ဒီဂျစ်တယ်အဖြစ် ပြောင်းလဲဆောင်ရွက်သွားပါမည်။ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းတည်ဆောက်ခြင်းများအပြင် လိုအပ်သော ခွင့်ပြုချက်များ ရရှိခြင်းအားဖြင့် အစိုးရပိုင် ပလက်ဖောင်းများနှင့် QR ကုဒ် ငွေပေးချေမှုစနစ်များကို ပေါင်းစည်းရန် ရည်ရွယ်ထားပါသည်။ အများပြည်သူများအတွက် ဘေးကင်းလုံခြုံပြီး အသုံးပြုရလွယ်ကူသော ငွေပေးချေမှု အတွေ့အကြုံကို ဖန်တီးပေးပြီး အရေးကြီးသော ဝန်ဆောင်မှုများသို့ လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။
ရှေ့လုပ်ငန်းစဉ်
P2P ငွေပေးချေမှုများနှင့် ဘေလ်ပေးဆောင်မှု
MyanmarPay MMQR သည် လွယ်ကူစိတ်ချရသော Person to Person (P2P) ငွေပေးချေ လွှဲပြောင်းမ့များကို ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အတွင်း လုပ်ဆောင်နိုင်ရန် စီစဉ်ထားပါသည်။ သုံးစွဲသူများ၏ မိုဘိုင်းဖုန်းနံပတ်များ (သို့) အခြားသော ID များကို အသုံးပြုကာ P2P ငွေလွှဲပြောင်းမှုများကို ပြုလုပ်နိုင်စေမယ့် MyanmarPay MMQR Repository ကိုလည်း တည်ဆောက်ထားသည့်အပြင် နေ့စဉ်ငွေပေးချေမှုများမှအစ Bill ပေးဆောင်ခြင်းများအတွက်ပါ အသုံးပြုသူများအတွက် ပိုမိုလုံခြုံထိရောက်စွာ အသုံးပြုနိုင်စေမည် ဖြစ်ပါသည်။
ရှေ့လုပ်ငန်းစဉ်
နိုင်ငံတစ်ခုနှင့်တစ်ခုကြား ငွေပေးချေမှု
MyanmarPay MMQR သည် နိုင်ငံတကာ ငွေပေးချေမှုကို ပိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် အရေးပါသော နိုင်ငံတကာ ငွေလွှဲလမ်းကြောင်းများနှင့် ပေါင်းစပ်ထားသောကြောင့်
နိုင်ငံတစ်ခုနှင့်တစ်ခုအကြား ငွေပေးချေမှုများ ပိုမိုတိုးတက်မြှင့်တင်လာစေရန် ရည်ရွယ်ပါသည်။ သုံးစွဲသူမှ ကုန်သည်များထံသို့ (Person to Merchant P2M), သုံးစွဲသူအချင်းချင်း (P2P) နှင့် လုပ်ငန်းအချင်းချင်း (B2B) အစရှိသော ငွေပေးချေမှုတိုင်းကို လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်ရန် ဦးစားပေး ဆောင်ရွက်ထားပါသည်။ အဆိုပါ ရည်မှန်းချက်တိုင်းကို အကောင်အထည်ဖော်နိုင်စေရန်အတွက် စျေးကွက်များ ပေါင်းစည်း ပူးပေါင်းလာရေးကို ဦးစားပေး ဆောင်ရွက်နေသည့်အပြင် အသုံးပြုသူများအကြား လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနိုင်စေရန်အတွက် နိုင်ငံတကာတွင်လည်း ကျယ်ပြန့်စွာ အသုံးပြုနိုင်အောင်လည်း စီစဉ်လျက်ရှိပါသည်။