နိုင်ငံတော်အဆင့်ဒီဂျစ်တယ်ငွေပေးချေမှုသို့ ကူးပြောင်းခြင်း၏ အကျိုးကျေးဇူးများ

ဒီဂျစ်တယ် နှင့် ငွေကြေးပါဝင်မှု

နိုင်ငံတစ်ဝှမ်း ဒီဂျစ်တယ်ငွေပေးချေမှုများကို ပံ့ပိုးပေးမည့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ချမှတ်ခြင်းဖြင့် နိုင်ငံ၏ဘဏ္ဍာရေးအခန်းကဏ္ဍကို ပြောင်းလဲစေကာ ငွေသားကိုင်ဆောင်ရန်မလိုသော စီးပွားရေးစနစ်အဖြစ်သို့ ကူးပြောင်းသွားစေပြီး မြန်မာနိုင်ငံအား စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာတွင် အလျင်အမြန် တိုးတက်လာစေမည်မှာ အသေအချာ ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးနိုင်ခြင်းနှင့် ဘဏ်အကောင့်မရှိသူများလည်း ပါဝင်အသုံးပြုနိုင်အောင်ကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်နှင့် ဘဏ္ဍာရေး
ငွေသားကိုင်ဆောင်စရာမလိုသော လူ့အဖွဲ့အစည်း
ဒစ်ဂျစ်တယ်ငွေပေးချေမှု အသုံးပြုမှု တိုးတက်လာစေခြင်း

လက်ရှိအချိန်အခါတွင် ငွေကြေးများ ထည့်သွင်းသိမ်းဆည်းသည့် နေရာနှင့် မတူညီသည့် ဒစ်ဂျစ်တယ် ငွေကြေးစီးဆင်းမှုများကို စီမံခန့်ခွဲရန်အတွက် လိုအပ်သောနေရာတွင် ဘုံအနေဖြင့် ချိတ်ဆက်ထားနိုင်ခြင်း မရှိသေးပါ။ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်အနေဖြင့် မတူညီသော ဘဏ္ဍာရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများကြားတွင် မြန်မာကျပ်ငွေ MMk စီးဆင်းမှုအပေါ် အထောက်အပံ့ကူညီပေးမည့်အတွက် အပြန်အလှန်အနေဖြင့် ဒစ်ဂျစ်တယ် မြန်မာကျပ်ငွေ MMK အသုံးပြုလာမှုကိုလည်း မြှင့်တင်ပေးမည် ဖြစ်သည်။

စည်းမျဉ်းစည်းကမ်းခိုင်မာခြင်း

ပိုမိုတိကျသော စည်းမျဉ်းများအား ဖြည့်စွက်နိုင်ခြင်း မူဝါဒကြောင့် စျေးကွက်အတွင်းရှိ အချက်အလက်များကို ကောင်းမွန်စွာ နားလည်စေမည့်အပြင် ပိုမိုကောင်းမွန်ပြီး ထိရောက်သော စည်းကမ်းများ ပိုမိုခိုင်မာစေရန်အတွက်လည်း အသုံးဝင်စေမည် ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းခိုင်မာခြင်း
ငွေကြေးသုံးစွဲမှုမြှင့်တင်ခြင်း
အခြားငွေကြေးများ၏ လွှမ်းမိုးမှုကို လျှော့ချပြီး မြန်မာကျပ်ငွေ(MMK) ကို မြှင့်တင်နိုင်ခြင်း

မြန်မာနိုင်ငံသည် ရောင်းဝယ်ဖောက်ကားမှုအများစုအား ငွေစက္ကူ ငွေသားကို အခြေခံထားသုံးပြုနေဆဲဖြစ်ပြီး ဒေါ်လာအား တန်ဖိုးခိုင်မာမြင့်မားသော စီးပွားရေးများတွက် အသုံးပြုရန်အတွက် သတ်မှတ်ထားဆဲ ဖြစ်သောကြောင့် ငွေကြေးမူဝါဒများ အကောင်အထည်ဖော်ရာတွင် အတားအဆီးဖြစ်စေနိုင်သော်လည်း ယခုလက်ရှိ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကြောင့် နိုင်ငံတွင်း ဒေသတွင်း ငွေကြေးအသုံးပြုမှုကို ပိုမိုမြှင့်တင်စေရန်အတွက် ကူညီပေးသွားမည် ဖြစ်ပါသည်။

အရှေ့တောင်အာရှ (SEA) မှ နိုင်ငံတကာစီးပွားရေးသို့ ဝင်ရောက်ရန် ကူညီပေးမည့် တံခါးပေါက်

အာဆီယံနိုင်ငံများအကြား Cross Border ငွေပေးချေနိုင်သော ကွန်ယက်စနစ်အသစ်သို့ ချိတ်ဆက်နိုင်ရန်အတွက် Digital Payment Switch စနစ်အသစ်တစ်ခု လိုအပ်ပါသည်။ MyanmarPay MMQR အနေဖြင့် ပထမခြေလှမ်းအနေဖြင့် ချိတ်ဆက်ရန် အသင့်ပြင်ထားပြီး ဖြစ်ပါသည်။

CROSS-BORDER

MMQR ၏အကျိုးကျေးဇူးများ

Merchant
Public